Posts

Showing posts with the label Api

Api in javascript

Fetch api ကို အသုံးပြုမယ်ဆို အရင်ဆုံး js မှာ fetch() နဲ့စရပါမယ်။ () ထဲမှာသင် request လုပ်ချင်တဲ့ api ကို url ကနေတစ်ဆင့်ပို့ပေးရပါမယ်။  ဒီ github link ထဲမှာ jsonplaceholder website ကိုသုံးပြီး data တွေကို ဘယ်လိုယူလဲ ပြပေးမှာပဲ ဖြစ်ပါတယ်။ ပထမဆုံး fetch နဲ့ data ယူမယ့် url ကိုထည့်ပေးပါမယ်။ website ထဲကိုဝင်ကြည့်မယ်ဆို /users အပြင် ကျန်တာတွေလည်းထည့်လို့ရပါတယ်။ jsonplaceholder.com ထဲမှာ ကြည့်လို့ရပါတယ်။ Project link in github ဒီတော့ .then(response => response.json()) က ဘာလုပ်တာလဲဆိုတော့ jsonplaceholder website က ပို့ပေးလိုက်တဲ့ data တွေကို json အဖြစ် ပြောင်းလိုက်တာပါ။ .then(resp => {}) မှာ resp နေရာမှာကြိုက်တာသုံးလို့ရပါတယ်။  resp က ဘာကိုကိုယ်စားပြုလဲဆိုတော့ အပေါ်က then() မှာ json အဖြစ်ပြောင်းလိုက်တဲ့ data တွေကို ကိုယ်စားပြုပါတယ်။ ဒါမယ့် အဲ့ data တွေက json object အဖြစ် အများကြီးဖြစ်နေပါတယ်။ အဲ့ data တစ်ခုစီကို website မှာပြချင်တာပါ၊ အဲ့တော့ forEach ကိုသုံးပြီး json object ထဲက data တစ်ခုစီကိုယူမယ်။ div တစ်ခုကို create လုပ်ပြီး အဲ့ div ထဲမှာ data တွေကို innerHTML နဲ့ သင်လိုချင်တ...