Api in javascript
Fetch api ကို အသုံးပြုမယ်ဆို အရင်ဆုံး js မှာ fetch() နဲ့စရပါမယ်။ () ထဲမှာသင် request လုပ်ချင်တဲ့ api ကို url ကနေတစ်ဆင့်ပို့ပေးရပါမယ်။
ဒီ github link ထဲမှာ jsonplaceholder website ကိုသုံးပြီး data တွေကို ဘယ်လိုယူလဲ ပြပေးမှာပဲ ဖြစ်ပါတယ်။ ပထမဆုံး fetch နဲ့ data ယူမယ့် url ကိုထည့်ပေးပါမယ်။ website ထဲကိုဝင်ကြည့်မယ်ဆို /users အပြင် ကျန်တာတွေလည်းထည့်လို့ရပါတယ်။ jsonplaceholder.com ထဲမှာ ကြည့်လို့ရပါတယ်။
ဒီတော့ .then(response => response.json()) က ဘာလုပ်တာလဲဆိုတော့ jsonplaceholder website က ပို့ပေးလိုက်တဲ့ data တွေကို json အဖြစ် ပြောင်းလိုက်တာပါ။ .then(resp => {}) မှာ resp နေရာမှာကြိုက်တာသုံးလို့ရပါတယ်။ resp က ဘာကိုကိုယ်စားပြုလဲဆိုတော့ အပေါ်က then() မှာ json အဖြစ်ပြောင်းလိုက်တဲ့ data တွေကို ကိုယ်စားပြုပါတယ်။ ဒါမယ့် အဲ့ data တွေက json object အဖြစ် အများကြီးဖြစ်နေပါတယ်။ အဲ့ data တစ်ခုစီကို website မှာပြချင်တာပါ၊ အဲ့တော့ forEach ကိုသုံးပြီး json object ထဲက data တစ်ခုစီကိုယူမယ်။ div တစ်ခုကို create လုပ်ပြီး အဲ့ div ထဲမှာ data တွေကို innerHTML နဲ့ သင်လိုချင်တဲ့ style နဲ့လုပ်နိုင်ပါတယ်။ နောက်ပြီးမှ အဲ့ div ကို အဓိက div ထဲ appendChild ကိုသုံးပြီးထည့်လိုက်ပါတယ်။ ${element.name} က json object ထဲက item တွေရဲ့ properties တွေကို access လုပ်ရုံပါပဲ သင်ဘယ် properties တွေကို access လုပ်နိုင်လဲဆိုတာကို resp ကို console.log လုပ်ပြီး ကြည့်နိုင်ပါတယ်။
နောက်တစ်ခုက pokemon api ကိုသုံးပြီး pokemon ရဲပုံကိုယူတာပါ။ ဒါမယ့် console.log(data) နဲ့ သင်ဘယ် properties တွေကို access လုပ်နိုင်လဲ ကြည့်ပြီး access လုပ်နိုင်ပါတယ်။ project idea လေးတစ်ခုပေးချင်ပါတယ်။ အဲ့ pokemon api ကိုသုံးပြီး pokemon တွေနဲ့ပက်သက်တဲ့ info တွေပြောပြတဲ့ website လေး လုပ်စေချင်ပါတယ်။ pokeapi.co မှာလည်း အဲ့ api အကြောင်းပိုနားလည်အောင်ဖတ်နိုင်ပါတယ်။