Dom introduction

ဒီ Series မှာအရင်ဆုံး DOM manipulation အကြောင်းနဲ့အရင်ဆုံးစတင်ပါမယ်။

အရင်ဆုံး DOM ဆိုတာဘာလဲ။ နောက်တစ်မျိုး Document Object Model လို့လည်းခေါ်လို့ရပါတယ်။ Html element တွေကို ​javascript ကိုသုံးပြီး ပြောင်းလဲချင်တယ်၊ attribute တွေကိုပြောင်းလဲမယ်၊ javascript ထဲမှာပဲ html element တွေဖန်တီးမယ် စတဲ့ task တွေကို DOM ကိုအသုံးပြုပြီး ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

Dom မှာ Html element တွေကို object တစ်ခုအနေနဲ့ manipulate လုပ်ပါတယ်။ object ဆိုတာဘာလဲ မသိရင် javascript oop ကိုနည်းနည်းလေ့လာဖို့လိုပါမယ်။

Web development မှာ Dom manipulation ဟာအရေးကြီးပါတယ် ဘာလို့လဲဆိုတော့ Html element တွေကိုပြောင်းလဲတဲ့အခါမှာ refresh လုပ်စရာမလိုပါဘူး။ ဉပမာပေးပြီးပြောပါမယ်။

Social media website တစ်ခု သင့်မှာရှိတယ်။ အဲ့ website ထဲက post တစ်ခုကို like လုပ်လိုက်ရင် like လုပ်ခံထားရတဲ့ post ရဲ့ id ကို web server ကိုပို့လိုက်မယ်။ post တစ်ခုစီတိုင်းမှာ unique id တစ်ခုရှိတယ်သဘောထားလိုက်။ web server က database ထဲမှာအဲ့ id နဲ့ post ကိုရှာပြီး အဲ့ post ရဲ့ like အရေအတွက်ကို တစ်ခုတိုးပေးလိုက်ပြီ။ ဒါမယ့် like အရေအတွက်တိုးလာတာကို တွေ့ရဖို့ page ကို refresh လုပ်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ database ထဲက like အရေအတွက်သာတိုးသွားတာ page က refresh မလုပ်ရသေးတဲ့အတွက် တိုးလာကို မပြနိုင်ပါဘူး။ အဲ့အချိန်မှာ လိုအပ်နေတာက DOM manipulation. ajax ကိုအသုံးပြုပြီးတော့, ajax ဆိုတာနောက် သင်ခန်းစာမှာ ရှင်းပြထားပါတယ်။ ajax ကိုသုံးပြီး web server က database ထဲမှာ ဒီ id နဲ့ post က like လုပ်ပြီးကြောင်း ajax စီပို့လိုက်တယ်။ ajax က အဲ့ data တွေကိုယူပြီး Dom manipulation ကိုအသုံးပြုပြီး၊ အဲ့ post ရဲ့ like အရေအတွက်ကို တစ်ခုတိုးပေးလိုက်တာပါ။ Dom manipulation အသုံးပြုရင် page refresh လုပ်စရာမလိုတော့ပါဘူး။

Web server ဆိုတာ database နဲ့ frontend ကို ချိတ်ပေးတာကို ဆိုလိုပါတယ်။ api လို့လည်းခေါ်ကြပါတယ်။ Web server ကိုဘယ်လိုလုပ်ရမလဲဆိုရင်တော့ web framework တွေဖြစ်တဲ့ django, laravel စတာတွေကို သိဖို့လိုပါတယ်။ 

website တွေမှာ dom နဲ့ ajax ကိုတွဲသုံးလေ့ရှိပါတယ်။ ဘယ်လိုနေရာတွေမှာလဲဆို comment တာတို့, like လုပ်တာတို့, edit လုပ်တာတို့ account bio ပြောင်းတာတို့ စတာတွေမှာသုံးပါတယ်။ visulaize ဖြစ်သွားအောင် တကယ့် implementation နဲ့ကြည့်ရအောင်။


Popular posts from this blog

Data Structure introduction

Algorithm basic examples