Posts

Showing posts with the label DOM

Dom introduction

ဒီ Series မှာအရင်ဆုံး DOM manipulation အကြောင်းနဲ့အရင်ဆုံးစတင်ပါမယ်။ အရင်ဆုံး DOM ဆိုတာဘာလဲ။ နောက်တစ်မျိုး Document Object Model လို့လည်းခေါ်လို့ရပါတယ်။ Html element တွေကို ​javascript ကိုသုံးပြီး ပြောင်းလဲချင်တယ်၊ attribute တွေကိုပြောင်းလဲမယ်၊ javascript ထဲမှာပဲ html element တွေဖန်တီးမယ် စတဲ့ task တွေကို DOM ကိုအသုံးပြုပြီး ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ Dom မှာ Html element တွေကို object တစ်ခုအနေနဲ့ manipulate လုပ်ပါတယ်။ object ဆိုတာဘာလဲ မသိရင် javascript oop ကိုနည်းနည်းလေ့လာဖို့လိုပါမယ်။ Web development မှာ Dom manipulation ဟာအရေးကြီးပါတယ် ဘာလို့လဲဆိုတော့ Html element တွေကိုပြောင်းလဲတဲ့အခါမှာ refresh လုပ်စရာမလိုပါဘူး။ ဉပမာပေးပြီးပြောပါမယ်။ Social media website တစ်ခု သင့်မှာရှိတယ်။ အဲ့ website ထဲက post တစ်ခုကို like လုပ်လိုက်ရင် like လုပ်ခံထားရတဲ့ post ရဲ့ id ကို web server ကိုပို့လိုက်မယ်။ post တစ်ခုစီတိုင်းမှာ unique id တစ်ခုရှိတယ်သဘောထားလိုက်။ web server က database ထဲမှာအဲ့ id နဲ့ post ကိုရှာပြီး အဲ့ post ရဲ့ like အရေအတွက်ကို တစ်ခုတိုးပေးလိုက်ပြီ။ ဒါမယ့် like အရေအတွက်တိုးလာတာကို တွေ့ရဖိ...