For Loop and While Loop
for loop က အသုံးပြုမယ်ဆိုရင်တော့ for ဆိုတဲ့ code နဲ့စရပါမယ်။ ဉပမာ Hello World ဆိုတဲ့စကားလုံးကို အခါ 10 print မယ်ဆို။ အောက်က code အတိုင်း ပြုလုပ်နိုင်ပါတယ်။ index ဆိုတဲ့နေရာမှာကိုယ်ထည့်ချင်တာထည့်လို့ရပါတယ်။ for loop ထဲက i ဆိုတာကတော့ loop က ဘယ်နေရာရောက်နေပြီလဲ မှတ်တာပါ။ print(i) နဲ့စမ်းကြည့်ပါ။ loop တစ်ခါလုပ်ပြီးတိုင်း value က တစ်ခုတိုးပါတယ်။ for loop ထဲက code ကိုတော့ space ခြားထားပါ။
for loop ကို ပြောင်းပြန် looping လုပ်ချင်ရင်တော့ အောက်ကပုံအတိုင်း လုပ်ပေးပါ။ 6 ကနေ စပြီး 0 ထိ loop လုပ်ပါလို့ဆိုလိုပါတယ်။ နောက်မှာ -1 ထည့်ဖို့လည်းမမေ့ပါနဲ့။
array ကို loop လုပ်မယ်ဆို နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ loop တစ်ခုစီတိုင်းမှာ index က array ရဲ့ index ကိုကိုယ်စားပြုပါတယ်။ len() ဆိုတာ array ထဲမှာ ပစ္စည်းအရေအတွက်ကို ယူတဲ့ function ပါ။ အောက်ကပုံထဲက loop တစ်ခုစီတ်ုင်းက index က array ရဲ့ index တစ်ခုစီကို ကိုယ်စားပြုပါတယ်။ 0 နဲ့စရပါမယ် ဘာလို့လဲဆိုတော့ computer တွေက 1 ကနေမစပဲ 0 ကနေစလို့ပါ။
နောက်တစ်နည်းကတော့ list value ကို loop လုပ်တာပါ။ for value in operation_systems မှာ operaion_systems က operation_systems variable ရဲ့ name ဖြစ်ပြီး value ကတော့ list ထဲက value တစ်ခုစီကိုကိုယ်စားပြုပါတယ်။
for loop ထဲမှာနောက် loop တွေကိုလည်းထည့်နိုင်ပါတယ်။ အောက်ကပုံအတိုင်းစမ်းကြည့်ပါ။
while loop ကို while နဲ့ သုံးပါတယ်။ while True ဆိုရင် အဲ့ code က တစ်သက်လုံး run နေမှာပါ။ True value က ဘယ်တော့မှ မပြောင်းတာကြောင့်ပါ။ အောက်ကပုံထဲမှာ temp variable က 10 နဲ့တူတဲ့ထိ code ကို run ပါမယ် ဒါမယ့် loop တစ်ခုစီတိုင်းမှာ temp += 1 ကိုထားရပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ loop တစ်ခုစီတိုင်းမှာ temp ရဲ့ value ကို 1 ပေါင်းပါတယ်။
while loop မှာ and နဲ့ or ရှိပါတယ်။ and ဆိုတာက condition နှစ်ခုလုံးမှန်မှ code ကို run ပါတယ်။ or ကတော့ condition တစ်ခုတည်းမှန်ဖို့ပဲလိုပါတယ်။
project
1. For loop ကိုအသုံးပြုပြီး array ထဲကို 1 ကနေ 10 ထိ number တွေအကုန်ထည့်ပါ။
2. user input 2 ခုရယူပါ။ တစ်ခုက ရေးချင်တဲ့စာနဲ့နောက်တစ်ခုက အဲ့စာကို ဘယ်နှစ်ခါ run ရမလဲဆိုတာရယ်ကို ရယူပြီး while loop ကိုအသုံးပြုကာ user input ဖြစ်တဲ့စာကို user print စေချင်တဲ့အရေအတွက်ထိ print ပါ။