Input function and Arithmetic Operators

Input function ကိုခေါ်မယ်ဆိုရင်တော့ အောက်ကပုံထဲကအတိုင်းခေါ်ရမှာပါ။ Code ကို run ပြီး Terminal ထဲကြည့်မယ်ဆို Value တစ်ခုခုကို ရိုက်ထည့်ပြီး Enter နှိပ်ရမှာပါ။ () ထဲက Text ကတော့ ကိုယ်ကြိုက်တာထည့်လို့ရပါတယ်။ ဒါမယ့် String ဖြစ်ဖို့တော့ လိုပါတယ်။


ဒါမယ့် ပြဿနာက Value တွေရိုက်ထည့်ပြီး အဲ့ Value က ဘယ်ရောက်သွားတာလဲ။ ကျွန်တော်လည်းမသိပါဘူး။ ဒါမယ့် အဲ့ Value တွေကို Variable ထဲ သိမ်းထားလို့ရပါတယ်။ အောက်ကပုံထဲက Variable user_input မှာဆိုရင် User ထည့်လိုက်တဲ့ ဘယ် Value ကိုမဆို string အဖြစ်သိမ်းပေးမှာပါ။ String အဖြစ်မသိမ်းချင်ဘူးဆိုလည်း int(), float() စတဲ့ function တွေနဲ့ Data Types တွေကိုပြောင်းလို့ရပါတယ် ဒါမယ့် ABC စတဲ့ Input တွေကို Int ပြောင်းရင်တော့ Error ဖြစ်မှာပါ။ 

Input function ကိုခေါ်ထားရင် အဲ့အောက်က Code တွေကို Input function ထဲ Value တစ်ခုခုမထည့်မချင်း မ run ပါဘူး။

Arithmetic Operators မှာ

+ လေးကတော့ ပေါင်းတာပဲ ဖြစ်ပါတယ်။

- ကတော့ နုတ်တာပါ။

/ ကတော့ စားတာပါ။ စားလဒ်ကိုလိုချင်ရင် သုံးရပါတယ်။

// ကလည်းစားတာပါပဲ ဒါမယ့် / နဲ့စားရင် float အဖြစ် output လုပ်မှာဖြစ်ပြီး // နဲ့ဆိုရင်တော့ integer အဖြစ်ပြောင်းပေးမှာပါ။ စားလဒ်က 3.4 ဆို 3 လို့ပဲ output လုပ်ပေးပါတယ်။

* ကတော့ မြှောက်တာပါ။

** ကတော့ power တင်တာပါ။ 

% ကတော့ စားတာပါပဲ ဒါမယ့် အကြွင်းကို Output လုပ်တာပါ။


Project

1. User ကို နာမည်ရိုက်ထည့်စေပြီးတော့ Username ကိုရှေ့က Hi နဲ့ Output လုပ်ပါ။ ဉပမာ username က John ဆို Hello John

2. user စီက number နှစ်ခုကို input ယူပြီး ထို number များရဲ့ ပေါင်းလဒ်ကို output လုပ်ပါ။

Solutions

Popular posts from this blog

Data Structure introduction

Algorithm basic examples

Dom introduction