Storage implementation in javascript

Cookie တွေကို implement လုပ်မယ်ဆို name, value, expire date, path လေးခုထည့်ပေးဖို့လိုပါမယ်။ expire date ကတော့ cookie တစ်ခုက ဘယ်ရက်ကျရင် auto-remove လုပ်ရမလဲဆိုတာဖြစ်ပါတယ်။ path ကတော့ website domain နောက်မှာ / ဒါတွေခံထားတဲ့ url တွေပဲဖြစ်ပါတယ်။ setCookie ရဲ့ ပထမ code က expire date ကိုဒီနေ့အဖြစ်သတ်မှတ်ပြီး သင် နောက်သတ်တမ်းကုန်စေချင်တဲ့ရက်နဲ့ ပေါင်းပေးတာပါ။ cookieString ကတော့ cookie format ကိုသတ်မှတ်ပေးပြီး cookie ထဲက data တွေကို ; ခြားပါတယ်။ နောက်ပြီးမှ cookieString ကို တကယ့် cookie အဖြစ် document.cookie နဲ့ create လုပ်ပါတယ်။ ဒီ function တွေကို တစ်ခါလုပ်ပြီးတာနဲ့ နောက်တစ်ခါအသုံးလိုတဲ့အခါ အဲ့ function တွေကို ပြန်သုံးရုံပါပဲ။ သင်ဒီ function တွေကိုနားမလည်ဘူးဆိုရင်တောင် stackoverflow မှာ copy and paste လုပ်နိုင်ပါတယ်။ getCookie function ကတော့ ပထမ code က cookie မှာ ; နဲ့ခြားထားတဲ့ data တွေကို ခွဲပြီး array ထဲမှာထည့်ပါတယ်။ ပြီးမှ အဲ့ array ကို loop လုပ်၊ သင်လိုချင်တဲ့ key ကိုရှာပြီး value ကို return ပေးပါတယ်။ cookie တွေကို delete ဖို့ကတော့ အဲ့ Cookie ရဲ့ expire date ကို နောက်ပြန်ထားဖို့ပါပဲ။ ဉပမာ 1947 လိုနှစ်မျိုး



Local Storage ကို နားလည်ဖို့ဆို အရင်ဆုံး Json ကိုနားလည်ဖို့လိုပါတယ်။

ဒီ link ထဲမှာဖတ်ကြည့်ပေးပါ။ 

ဖတ်ပြီးသွားပြီဆို Local storage မှာ item တွေကို key:[{key:value},{...}] ဒီ Format အတိုင်းသွားမှာပါ။ ဘာလို့လဲဆိုတော့ ဒီ format ကိုပိုအသုံးများလို့ပဲ ဖြစ်ပါတယ်။ removeFromLocalStorage function မှာ ပထမဆုံး local storage က items တွေကို object အဖြစ်ပြောင်းပြီး အဲ့ object တစ်ခုလုံးကို loop လုပ်တယ်။ သင် delete ချင်တဲ့ item နဲ့ loop လုပ်တဲ့ထဲက item တစ်ခု match ဖြစ်တာနဲ့ အဲ့ item ကိုကျော်သွားပြီး နောက် item တစ်ခုကို loop ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဉပမာပေးရရင် 1,2,3,4 မှာ 3 ကို delete ချင်တယ်ဆို loop လုပ်ပြီး variable တစ်ခုထဲမှာ 3 မဟုတ်တဲ့ဟာတွေအကုန် ထည့်ထားလိုက်သလိုမျိုးပါပဲ။ loop လုပ်တဲ့အချိန် 3 နဲ့တူရင် အဲ့တာကိုကျော်သွားသလိုမျိုးပါပဲ။ နောက်ဆုံးအနေနဲ့ကတော့ သင် delete ချင်တဲ့ item မပါပဲ local storage ကို save ပါတယ်။ saveToLocalStorage function ကတော့ ရှိနေပြီးသား data ထဲကို နောက် data တစ်ခုထည့်ပြီး save လိုက်ရုံပါပဲ။ getItemFromLocalStorage ကတော့ locaL storage ထဲက item တွေကို object အဖြစ်ပြောင်းပြီး data ကို return ပေးရုံပါပဲ။


sessionStorage ကတော့ local Storage မှာ လုပ်သလိုပဲ တော်တော်ဆင်ပါတယ်။ အောက်က code မှာတော့ သူ့ရဲ့ built-in function တွေသုံးနည်းပဲ ရှင်းပြထားပါတယ်။ format ကတော့ key value pair ပုံစံပါပဲ။


Popular posts from this blog

Data Structure introduction

Algorithm basic examples

Dom introduction